ရွာသာကျေးရွာသည် ယမန်နှစ်က စွမ်းအားနှင့် လျှပ်စစ်စီမံကိန်းသို့ ထပ်မံဆိုးချဲ့ဖို့ ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။
မြန်မာယန်စီ နှင့် မြန်မာ့စီးပွားရေးဦးပိုင်မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၃၈၇ ခွင့်ပြုခဲ့ပါသည်။လျှပ်စစ်မီးတိုင် ၂၅ တိုင် နှင့် ဝ.၄ KVA လျှပ်စစ်ဝါယာကြိုးများပါဝင်သော လျှပ်စစ်စီမံကိန်းတွင် ပေပေါင်း ၂၉၄ဝဝ နီးပါးခန့် ကျေးရွာအုပ်စု အတွက် မီးလင်းရေးကို ဒေသခံကုမ္ပဏီ တစ်ခုဖြစ်သော မိုးမြင့်ကြယ်စင်ကုမ္ပဏီမှ မီးသွယ် တန်းလုပ်ဆောင် ပေးခဲ့ပါသည်။ ဤကုမ္ပဏီကပဲ ဆက်လက်၍ လူမှုဖွံ့ဖြိုးရေးအရေးကြီးသော ကျေးရွာအုပ်စုများကို လှုံဆော်ပေးခြင်း၊ အကျိုးအမြတ်ကို ရရှိရုံလုပ်ဆောင်ခြင်း မဟုတ်ဘဲ ဒေသအဆင့် လူမှုဆက်ဆံရေး အကျိုးအမြတ်များ ရရှိရေးနှင့် စီမံကိန်း၏ အလုပ်အခွင့် အလမ်း နှင့် စီမံခန့်ခွဲမှုများကို ဒေသခံများအတွက် ဖော်ဆောင်ပေးခြင်းတို့ကိုပါ ကြိုးပမ်းနေပါသည်။ စီမံကိန်းသည် မြန်မာယန်စီ၏ ၂ဝ၁၅-၁၆ ဖွံ့ဖြိုးရေး ရံပုံငွေဖြစ်သော အမေရိကန်ဒေါ်လာ ၅ဝဝဝဝဝ တွင် ပေါင်းထည့်မည်ဖြစ်ပါသည်။

