မြစ်ရောကြီးမှုကြောင့်ဖြစ်သောရောဂါများ၊ မြစ်ကမ်းပါးရေလျှံမှုမှသယ်ဆောင်လာသော အမှိုက်များနှင့် ဘက်တီးရီးယားပိုးများ တိုးပွားခြင်းများကြောင့် ကျေးရွာနေသူများအတွက်ကျန်းမာရေးထိခိုက်မှုမရှိစေရန် မြန်မာယန်စီနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ပုံမှန်ဆေးကုသရေးအစီအစဉ်တွင် မပါဝင်သော်လည်း အထူးသီးသန့် သွားရောက်ကုသပေးခဲ့ပါသည်။
ဘိန်းနွယ်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ကျေးရွာအတွင်းနေထိုင်သောပြည်သူများ အတွက် ဆေးကုသမှုခံယူသူ (၁ဝ၄)ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အကူအညီတောင်းခဲ့ရာ နယ်လှည့်ကုသရေး ဆရာဝန်များနှင့်သူနာပြုများထံမှ ရေကြီးခြင်းကြောင့် ထူးခြားရောဂါများ မတွေ့ရကြောင်းသိရှိရပါသည်။