ယခုအခါ တံတားသည် အလွန်အိုဟောင်းနေပြီး ဒေသခံများက ၎င်းတံတားကို စိတ်ချစွာ အသုံးပြုရန်များစွာ စိုးရိမ်မှုများ မြင့် တက်လာခဲ့သည်။ တံတားသည် တောင်ပလူကျေးရွာ နှင့် သာယာကုန်းကျေးရွာ အကြားတွင် တည်ရှိသော်လည်း ၊ မြန်မာယန်စီ CSR project လုပ်ငန်းနေရာ အပြင်ဘက် ၅ ကီလိုမီတာ အကွာတွင် တည်ရှိပါသည်။
လွတ်လပ်စွာ သွားလာနေသည့် ဒေသခံများအတွက် ၎င်းတို့၏လိုအပ်ချက်ဖြစ်သည့် တံတား ပြန်လည်ပြုပြင်ခြင်းကို မြန်မာယန်စီ မှ သဘောတူညီခဲ့သည်။တံတားပြန်လည်ပြုပြင်ခြင်း ကို သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ၊ လွှတ်တော် အမတ်ဒေါက်တာသိန်းနိုင် နှင့် မြန်မာယန်စီ management တို့က CSD/CSR လုပ်ငန်းများ ပြန်လည်းသုံးသပ်သည့် အစည်းအဝေး ကို ၂၀၁၈ နှစ်လယ် ပိုင်းတွင် ကျင်းပခဲ့ ပြီး အဖွဲ့ဝင်များမှ သဘောတူညီခဲ့ကြသည်။ ထို တံတားတည်ရေးအတွက် မြန်မာယန်စီမှ အထူးကိစ္စအနေဖြင့် အရေးပေါ်ဘက်ဂျက်မှ လှူဒါန်းခြင်းဖြစ်သည်။
မြန်မာယန်စီ မှ ထို စီမံကိန်း အတွက် private တင်ဒါ ခေါ်ဆိုခဲ့ပြီး နောက်ဆုံး တွက်ချက်ငွေ မှာ မြန်မာငွေ ၁၄၂၈၀၀၀၀ ကျပ် ဖြစ်သည်။ လုပ်ငန်းဆောင်ရွက် လျှက်ရှိပြီး စီမံကိန်းကောင်းမွန်စွာ ပြီးစီးစေရန် ကျေးရွာ နှင့် CSD / CSR အဖွဲ့ အတူတစ်ကွ ဆောင်ရွက်လျက်ရှိသည်။

