Myanmar Yang Tse Copper Mine | MYTCL | Viewer Letters

Viewer Letters

ကျေးဇူးတင်ရှိသည့် အတွက် အကြောင်းပြန်ကြားပေးခြင်း။

Viewer Letters

Thursday, 05 December 2013 12:19

သို့                                                                                                                           နေ့စွဲ. ၁၂. ၁၁.၂၀၁၃
အထွေထွေမန်နေဂျာ
မြန်မာယန်စီကော့ပါလီမိတက်
မုံရွာ။
အကြောင်းအရာ။ ။ကျေးဇူးတင်ရှိသည့်အတွက် အကြောင်းပြန်ကြားပေးခြင်း။
အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ ရွှေပန်းခိုင်အုပ်စု ၊ ကျားတွင်းတောင်တောရကျောင်း ဓမ္မာရုံဆောက် လုပ်ရန် မြေနေရာ ဖေါ်ဆောင်ရေးနှင့် တောင်တက် လမ်းပြုပြင်ရာတွင် မြန်မာယန်စီကုမ္မဏီမှ စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ပေးသော ကြောင့် ကျားတွင်းတောင်တောရကျောင်းသည် သာသနာပြန့်ပွားရေးအတွက် သာသနာပြုလုပ်ငန်းများ ၀န်ဆောင်မှု့ လွယ်ကူခြင်း၊ သာသနာတော် ဖွံ့ဖြိုးတိုးတက်ခြင်းများကို အစဉ် ထာဝရ ပွင့်လင်းစေပါသည်။
ယခင်က စေတီများ တည်ထားကိုးကွယ်ရာတွင် အုတ်၊သဲ၊ ကျောက်များကို တောင်ခြေမှာ ထားပြီး တောင်ပေါ်သို့  လူအင်အားဖြင့် ထပ်ဆင့် သယ်ဆောင်ရခြင်း၊ ကုမ္ပဏီမှ ရေလှူဒါန်းရာတွင် ရေကားများ ရေအပြည့် မတင်နိုင်ဘဲ ရေတ၀က်ဖြင့်သာ တောင်ပေါ်သို့ တက်ရောက် လှူဒါန်းနိုင်ခြင်း၊ သင်္ကြန်ကာလများတွင် ဒုလ္လဘရဟန်း/ သာမဏေ (၉၀)ခန့်  နှင့် လူပရိတ်သတ်များစွာတို့ မှာ ကားဖြင့် ကျောင်းတိုက်သို့ တိုက်ရိုက် မသွားနိုင်ပဲ တောင်တက်လှေကားမှတဆင့် ပင်ပန်းစွာ ခြေလျှင်တက်ရခြင်း စသော အခက်အခဲများစွာ ရှိခဲ့ပါသည်။
ယခုအခါ မြန်မာယန်စီကုမ္ပဏီမှ စက်ယန္တရားများဖြင့် ကူညီပေးမှုကြောင့် ကားများ၊ ဆိုင်ကယ်များနှင့် အလှူရှင်များမှာ ကျောင်းတိုက်သို့ အဆင်ပြေ ချောမောစွာ ရောက်ရှိနိုင်ခြင်းများကြောင့် ဆရာတော် အနေဖြင့် မြန်မာ ယန်စီကုမ္ပဏီကို အထူးပင် ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်။

Kyadwintaung-Monastery-signature-web

Kyadwintaung Monastery 01

Kyadwintaung Monastery 02

 
 

ကျေးဇူးတင်လွှာ

Viewer Letters

Thursday, 05 December 2013 11:55

၂၀. နိုဝင်ဘာလ.၂၀၁၃

ဝါးတန်းကျေးရွာတွင် ယခင်က ကျေးရွာအတွင်း၌ ဒုတ္ထာမြေများ ရှိစဉ်အခါ အနံ့သက်များ ဆိုးဝါးခြင်း ၊ လမ်းများကျဉ်းမြောင်းခြင်း ၊ မိုးရွာသောအခါ ရွှံ့ဗွက်များ ဖြစ်ပေါ်ခြင်း ၊ သစ်ပင်များ စိုက်ပျိုးလျှင် မဖြစ်ထွန်းမှုများ ရှိခဲ့ပါသည်။
ယခုအခါ မြန်မာယန်စီကော့ပါးလီမိတက်မှ စွန့်ပစ်မြေများ ရှင်းလင်းဖယ်ရှားပေးခြင်း ၊ လမ်းများကို မြေနီခင်းပေးခြင်းများ ပြုလုပ်ပေးခြင်းများကြောင့် ကျေးရွာအတွင်း၌ သန့်ရှင်းသွားခြင်း ၊ ဒုတ္ထာမြေများ မရှိခြင်းကြောင့် လေကောင်းလေသန့်များ ရရှိခြင်း ၊ လမ်းများကျယ်ဝန်းသွား၍ ကား ၊ ဆိုင်ကယ်နှင့် ကျေးရွာသူ/ ကျေးရွာသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ခြင်းများကြောင့် ကျေးရွာသူ/ ကျေးရွာသားများနှင့် ရပ်မိ/ ရပ်ဖများမှ မြန်မာယန်စီကော့ပါးလီမိတက်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာယန်စီကော့ပါးလီမိတက်ကိုလည်း ယခုထက်များစွာ တိုးတက်ဖြစ် ထွန်းအောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက် ပါသည်။

A-WADAN-VILLAGE-MM-Signature-web

 
 
feed-image
Share to Facebook Share to Twitter Share to Linkedin Share to Delicious 

သတင်းမေးလ်များရယူရန်

Subscribe

လစဉ်ထုတ်သတင်းစာစောင်များ ရယူရန် သင်၏ မေးလ်လိပ်စာကို ဤနေရာတွင် ရေးထားခဲ့ပါ။

ရန်ကုန်ဆိပ်ကမ်းရုံး

၇၀ (i) ဗိုလ်ချိန်လမ်း

ပြည်လမ်း လှိုင်မြို့ နယ်

ရန်ကုန်မြို့ ၊ မြန်မာ။

ဖုန်း: (၉၅၁) ၅၁၄ ၁၉၄ -၇

ဖက်စ်: (၉၅၁) ၅၁၄ ၂၀၈

MYTCL-Logo-Footter

မုံရွာဌာနချုပ်

ဆားလင်းကြီး မြို့ နယ်

စစ်ကိုင်းတိုင်း

 မြန်မာ။

ဖုန်: (၉၅၇၁) ၂၂၂ ၂၆

ဖက်စ်: (၉၅၇၁) ၂၂၅ ၂၂