Myanmar Yang Tse Copper Mine | MYTCL | ၀န်ထမ်းများအတွက် မူဝါဒလမ်းစဉ်များ

PDFPrint

ဝန်ထမ်းများအတွက် မူဝါဒလမ်းစဉ်များ

ကျွန်ုပ်တို့ ၏လုပ်ထုံးလုပ်နည်းများ

အလုပ်သမား တစ်ယောက်၏ အသက်မွေးမှုစွမ်းရည် တိုးတက်မြှင့်မားလာမှု အတွက် တာဝန်ရှိသူသည် မည်သူဖြစ်သည် ဆိုသည့် မေးခွန်းဟာ လူတိုင်းအတွက် ဖြေဆိုရန် လွယ်ကူ ပါသည်။ အဖြေမှာ အလုပ်ရှင်၏ တာဝန်သာ ဖြစ်ပါသည်။
ကာလရှည်စွာ တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်မှုသည် အလားအလာရှိသော အလုပ်သမား၏ တာဝန်ယူတတ်ခြင်း အပေါ် ရပ်တည်နေသေးပါသည်။ သို့သော် ကျွန်ုပ်တို့ MYTCL အနေဖြင့် တစ်ဦးခြင်း ငှားရမ်းအသုံးပြုသည့် အခါတိုင်း အသက်မွေးမှုစွမ်းရည် တိုးတက်မြှင့်မားလာစေရန် ကျွန်ုပ်တို့ အဖွဲ့အစည်း၏ တာဝန်ဖြစ်ကြောင်း လက်ခံယုံကြည်ထားပါသည်။ ဗဟုသုတု ကျွမ်းကျင်မှု နှင့် လုပ်နိုင်စွမ်း တစ်စုံတစ်ရာဖြင့် အလုပ်သမားအား ငှားရမ်းအသုံးပြုခဲ့ ပြီးလျှင်သော်မှ အကယ်၍ အဆင့်အတန်း နှင့် တာဝန်ရှိမှု အခြေအနေ ပြောင်းလဲသွားခဲ့ပါလျှင် သူတို့အား မိမိတို့၏ လူသား အရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံရန် (MYTCL) မှ တာဝန်သိ လူမှုအဖွဲ့အစည်းတစ်ခု အနေဖြင့် ထိန်းသိမ်း ထားပါမည်။ အလုပ်သမားများသည် MYTCL တွင် နာရီများစွာ လုပ်ကိုင်ခြင်းဖြင့် လည်းကောင်း၊ အဆင့်ဆင့်ပြောင်းလဲလာသော လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် လည်းကောင်း ဆထက်ထမ်းပိုး တာဝန်ယူမှု များ လက်ခံယူခြင်းဖြင့် လည်းကောင်း MYTCL တွင် ရင်းနှီးမြှုပ်နှံ ပေးနေကြပါသည်။ ထိုအတွက် ကျွန်တော်များသည် လူသားအရင်းအနှီး တည်ထောင်ရာတွင် ကုမ္ပဏီအတွက် နှင့် လုပ်သားဝန်ထမ်း များ၏ အနာဂတ်အတွက် နှစ်ဖက်စလုံး အကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှု တစ်ရပ်ကို လက်တွေ့ လုပ်ဆောင် သွားပါမည်။
MYTCL သည် အသက်မွေးမှု စွမ်းရည်တိုးတက်ခြင်း၊ ယဉ်ကျေးမှု ဆန်းသစ်ပြောင်းလဲခြင်း နှင့် တီထွင် နိုင်စွမ်းတို့၏ စစ်မှန်သော တန်ဖိုးတို့ကို နားလည်ပါသည်။ ထို့အပြင် ဝန်ထမ်း၏ အခြေခံပညာတွင် အဆက်မပြတ် သင်ယူခြင်း တန်ဖိုးကိုလည်း သိမှတ်လက်ခံပါသည်။ ပိုမိုကောင်းမွန်သော အနေအထားဖြင့် လျင်လျင်မြန်မြန် ပြောင်းလဲနေသော ယနေ့ အလုပ်ကမ္ဘာကြီး၏ လိုအပ်ချက်များ နှင့် လိုက်ဖက်ညီစေရန် တစ်ဦးချင်း တိုးတက်မှုကို ပံ့ပိုးပေးခြင်းအား မိမိတို့ အဖွဲ့အစည်းအနေဖြင့် လက်ခံ အသိအမှတ်ပြုပါ သည်။ အလုံးစုံ ပေါင်းစည်းထားသော မဟာဗျူဟာ အတွင်းတွင် ပေါင်းစပ်ထားသော အသက်မွေးမှု ပညာ ဖွံ့ဖြိုးမှုသည် ဝန်ထမ်းအားလုံးကို ကျွန်ုပ်တို့ ကမ်းလှမ်းပေးထားသော စိန်ခေါ်မှုတစ်ခု ဖြစ်ပါသည်။

 

feed-image
Share to Facebook Share to Twitter Share to Linkedin Share to Delicious 

သတင်းမေးလ်များရယူရန်

Subscribe

လစဉ်ထုတ်သတင်းစာစောင်များ ရယူရန် သင်၏ မေးလ်လိပ်စာကို ဤနေရာတွင် ရေးထားခဲ့ပါ။

ရန်ကုန်ဆိပ်ကမ်းရုံး

၇၀ (i) ဗိုလ်ချိန်လမ်း

ပြည်လမ်း လှိုင်မြို့ နယ်

ရန်ကုန်မြို့ ၊ မြန်မာ။

ဖုန်း: (၉၅၁) ၅၁၄ ၁၉၄ -၇

ဖက်စ်: (၉၅၁) ၅၁၄ ၂၀၈

MYTCL-Logo-Footter

မုံရွာဌာနချုပ်

ဆားလင်းကြီး မြို့ နယ်

စစ်ကိုင်းတိုင်း

 မြန်မာ။

ဖုန်: (၉၅၇၁) ၂၂၂ ၂၆

ဖက်စ်: (၉၅၇၁) ၂၂၅ ၂၂